ပေါင်းတည် ဖေဖော်ဝါရီ ၁၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား ရွေ့လျားဆေးကုသယာဉ်ဖြင့် (အခမဲ့)ဆေးကုသပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက ရန်ကုန်-ပြည်လမ်းရှိမြို့နယ် လူမှုဖူလုံရေးရုံး၌ ဆောင်ရွက်ပေးကြသည်။
အဆိုပါ ဆေးကုသခြင်းကို လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)အစီအစဉ်ဖြင့် မြို့နယ်လူမှုဖူလုံရေးရုံးနှင့် တော်ဝင်နဂါးရောဂါရှာဖွေရေး (ဓာတ်ခွဲခန်း) တို့ပူးပေါင်းပြီး ပေါင်းတည်မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား ရွေ့လျားဆေးကုသယာဉ်ဖြင့် (အခမဲ့)ဆေးကုသပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းတို့ ဆောင်ရွက်ပေးကြကြောင်း သိရသည်။
ပေါင်းတည်မြို့နယ်တွင် လူမှုဖူလုံရေး အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာန(၁၁၉)ဌာနမှ အာမခံအလုပ်သမား(၇၁၀)ဦးအနက် ယနေ့တွင် အာမခံအလုပ်သမား(၈၁)ဦးတို့အား ရွေ့လျားဆေးကုသယာဉ်ဖြင့် လိုအပ်သောဆေးဝါးကုသမှုများ၊ ဓာတ်ခွဲစစ်ဆေးမှုများ၊ နှလုံးအတွက် ECG စစ်ဆေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်လူမှုဖူလုံရေးရုံးမှ သိရသည်။
သူရကြီး (ပြန်/ဆက်)