ပန်းတနော်မြို့၌ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးသတ်ဆေးဘူးအသုံးပြုပုံ လက်တွေ့ပြသ

ပန်းတနော် ဖေဖော်ဝါရီ  ၁၆

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်၌ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးသတ်ဆေးဘူးအသုံးပြုပုံလက်တွေ့ပြသနည်းများကို ယမန်နေ့ နံနက် ၁၁ နာရီက အောင်သပြေ ဘိုးဘွားရိပ်သာတွင် ပြုလုပ်ခဲ့သည်။

ထိုသို့ပြုလုပ်ရာတွင် မြို့ကွက်သစ်ရပ်ကွက် ရန်ကုန်-ပုသိမ်ကားလမ်းမကြီးဘေး အောင်သပြေ ဘိုးဘွားရိပ်သာတွင် မြို့နယ်မီးသတ်ဦးစီးမှူးဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက ခြောက်သွေ့ သော နွေရာသီရောက်ရှိလာသဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး မီးဘေးလုံးခြုံရေး စစ်ဆေးခြင်း၊ မီးသတ်ဆေးဘူးအသုံးပြုပုံလက်တွေ့ပြသခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး (2KG) DCP မီးသတ်ဆေးဘူး (၂)ဘူးအားလှူဒါန်းခဲ့ကြောင်း သိရသည်။

ပြည်ဖြိုးကျော်(ပြန်/ဆက်)