ကံမမြို့နယ်၌ ပင်စင်လစာငွေများ ထုတ်ပေး

ကံမ ဖေဖော်ဝါရီ ၂၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ဖေဖော်ဝါရီလအတွက် ပင်စင်လစာငွေများကို ယနေ့နံနက် ၆ နာရီမှ စတင်၍ ထုတ်ပေးလျက်ရှိရာ  ရပ်ကွက် ကျေးရွာများမှ ပင်စင်စားများအား နေ့အလိုက်ခွဲခြားသတ်မှတ်၍ ပင်စင်လစာငွေများကို ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ပင်စင်လစာများ ထုတ်ပေးရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကာယကံရှင်ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့်လည်း မိသားစုဝင်တစ်ဦးဦးက ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်း ကံမမြို့နယ်တွင် မြို့ပြပင်စင်(၆၁၂)ဦး၊  ကာကွယ်ရေးပင်စင်(၁၄၇)ဦး၊  နိုင်ငံရေးပင်စင်(၈၁)ဦးနှင့် မြန်မာ့စီးပွားရေးဘဏ်ပင်စင်(၉)ဦး၊  စုစုပေါင်း ပင်စင်စားအငြိမ်းစားဝန်ထမ်း(၈၄၉)ဦးရှိကြောင်း ကံမမြို့ မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)