မိုင်းရှူးမြို့၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး

မိုင်းရှူး ဖေဖော်ဝါရီ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ် ကျန်းမာရေးဦးစီးဌာနက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းကမြန် မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ကျော်ဇင်ထွန်း ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးကုသပေးခြင်းနှင့် ဆေးဝါးများအခမဲ့ဖြန့်ဝေပေးခြင်းတို့ကို အငြိမ်းစားနိုင်ငံ့ဝန်ထမ်းအမျိုးသား ၄၀ဦး၊ အမျိုးသမီး ၂၃ဦး စုစုပေါင်း ၆၃ ဦးအား ဆေးကုသမှုဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)