ကျိုင်းတုံမြို့၌ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေး
Mar 07,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး (ကျိုင်းတုံ)မှ တာဝန်ရှိသူများသည် ယမန်နေ့က ကျိုင်းတုံမြို့ရှိ K Home အမှတ်တံဆိပ် ကိတ်မုန့်/ ပေါင်မုန့်လုပ်ငန်းသို့ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။