နမ့်စန်တွင် ယင်းကြားတိုင်းရင်းသားရိုးရာ ယက်ကန်းရက်လုပ်မှုသင်တန်းဖွင့်လှစ်
Mar 04,2024
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ရှမ်းပြည်နယ်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနက ကြီးကြပ်ဆောင်ရွက်သည့် ယင်းကြားတိုင်းရင်းသားရိုးရာ ယက်ကန်းရက်လုပ်မှုသင်တန်းကို ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ နမ့်လစ်ကျေးရွာအုပ်စု၊ တွံတီးကျေးရွာတွင် ယနေ့နံနက် ၉ နာရီက စတင်ဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။