ကျိုင်းတုံမြို့၌ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေး

ကျိုင်းတုံ မတ် ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး (ကျိုင်းတုံ)မှ တာဝန်ရှိသူများသည် ယမန်နေ့က ကျိုင်းတုံမြို့ရှိ K Home အမှတ်တံဆိပ် ကိတ်မုန့်/ ပေါင်မုန့်လုပ်ငန်းသို့  ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့‌ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး (ကျိုင်းတုံ)မှ စစ်‌ဆေးရေးမှူးနှင့် ဝန်ထမ်းများက K Home အမှတ်တံဆိပ် ကိတ်မုန့်/ပေါင်မုန့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးပြီး လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ လုပ်ငန်းရှင်များ အနေဖြင့် စားသုံးသူများ၏ ပေးအပ်သော ဝန်ဆောင်ခများနှင့်အညီ လုံခြုံစိတ်ချရမှုရှိသော ကုန်စည်၊ ဝန်ဆောင်မှုများကို ပေးအပ်ရန်တာဝန်ရှိပါကြောင်း၊ ထုတ်ကုန်နှင့် ဝန်ဆောင်မှု လုပ်ငန်းများ လုံခြုံစိတ်ချရမှုအဆင့်တိုင်းတွင် လုပ်ငန်းရှင်သာမက ထုတ်လုပ်သူ၊ တင်ပို့သူ၊ တင်သွင်းသူ၊ လက်ကားရောင်းချသူ လက်လီရောင်းချသူများအားလုံး အကျုံးဝင်ပါကြောင်း အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)