သတင်းများ

ဟင်္သာတမြို့ပေါ်နှင့် ကျေးလက်နေပြည်သူများအား အထူးကုဆရာဝန်ကြီးများမှ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို (အခမဲ့) ဆောင်ရွက်ပေး
Mar 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ပန်းဘဲတန်းရပ်ကွက်ရှိ ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးဝန်ကြီးဌာန အစီအစဥ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခဒေါက်တာ မိုးဝင့်အောင်-ပါမောက္ခ ဌာနမှူး (ဆီးချိုနှင့် ဟော်မုန်း) ပါ ၁၁ ဦးနှင့် မျက်စိအထူးကုဆရာကြီး ဒေါက်တာ အေးကျော့ကျော့လတ်တို့ ဦးဆောင်သော အထူးကုဆရာဝန်ကြီးများအဖွဲ့က ဟင်္သာတ မြို့ပေါ်နှင့် ကျေးလက်နေပြည်သူ့များအား ယမန်နေ့ နံနက်ပိုင်းမှစတင်၍ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို (အခမဲ့) ဆောင်ရွက်ပေးခဲ့ကြသည်။
ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီများ ရောင်းချပေး
Mar 03,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ ကျောက်ဆည် ခရိုင်အတွင်း နေထိုင်ကြသော ပြည်သူများ စားသုံးဆီအခက်အခဲမရှိစေရေး စားအုန်းဆီတင်သွင်းဖြန့်ဖြူး လျက်ရှိသော ကုမ္ပဏီများနှင့် ဆက်သွယ်၍ စားအုန်းဆီများဝယ်ယူ၍ စဉ်ဆက်မပြတ်ရောင်းချပေး လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ကျောက်ဆည်၊ စဉ့်ကိုင်မြို့နယ်များနှင့် ကူမဲ၊ ပလိပ်မြို့နယ်ခွဲများတွင် ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီများ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ ဘုရားဖူးလာရောက်သူများပြား
Mar 03,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ မြန်မာပြည် အရပ်ရပ်မှ ဘုရားဖူးလာရောက်သူများပြားနေကာ ညောင်ဦးမြို့နှင့် ပုဂံမြို့သစ်တို့တွင် ဖွင့်လှစ် ထားရှိသည့် ဟိုတယ်၊ မိုတယ်နှင့် တည်းခိုရိပ်သာများတွင် ဘုရားဖူးများ တည်းခိုသူများပြားနေပြီး ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရား၊ စေတီ၊ ပုထိုး၊ သာသနိကအဆောက်အအုံများတွင် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးခရီးသွားဘုရားဖူးများဖြင့် စည်ကားနေကြောင်း သိရသည်။
မြို့သစ်မြို့နယ်မှ ဒေသထွက်ဆီးသီးများစျေးကောင်းရရှိ
Mar 03,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ဆီးသီးအဝယ်ဒိုင်သို့ ဆီးသီးများ ပုံမှန် ဝင်ရောက်လျက်ရှိပြီး ဆီးသီးစျေးမြင့်တက်နေကြောင်း ဆီးသီးဝယ်ယူသူတစ်ဦးထံက သိရသည်။ အညာဒေသတွင် ဆီးသီးပင်များကို စိုက်ပျိုးခြင်းမရှိပဲ အလေ့ကျဆီးသီးပင်များကို ယာပိုင်ရှင် လယ်ပိုင်ရှင်များက ပြုပြင်ကာ အပွင့်ပွင့် အသီးသီးရင့်မှည့်ချိန် ဆီးပင်အောက်၌ ပေါင်းမြက်ရှင်း ကာ ဆီးသီးကောက် ယူရောင်းချကြကြောင်း၊ မြို့သစ်မြို့နယ်အတွင်း ကျေးလက်တောင်သူများ တောင်သူလုပ်ငန်းနားချိန်တွင် အလေ့ကျဆီးသီးပင်များက မိသားစုတဖက်တလမ်းက ဝင်ငွေဖြည့်ဆည်းပေးနေသည့် အလေ့ကျပဒေသာပင်များဖြစ်ကြောင်း၊ ဆီးသီး သီးပြီးလျှင် ဆီးပင် ဆူးကိုင်းများကို ခုတ်ကာခြံစည်းရိုးအဖြစ် ပြုလုပ်၍ ကာရံကြကြောင်း သိရသည်။
တောင်ကုတ်မြို့၌ အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဌာန်းအောင်ပွဲ ကျင်းပ
Mar 03,2024
ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့၌ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၏ ဦးဆောင်မှုဖြင့် စေတနာရှင်များစုပေါင်း၍ အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဌာန်းအောင်ပွဲကို ယနေ့နံနက် (၉) နာရီအချိန် ဖောင်တော်ဦးစေတီတော် ၊ ဓမ္မဝိဇယ သာသနာ့ဗိမာန်တော်ကြီး ၌ကျင်းပသည်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲများ အေးချမ်းစွာဖြေဆိုနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိသူ တို့၏ ရင်တွင်းစကားသံများ
Mar 03,2024
မတ်လ ၁၁ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲများမှာ ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား တာဝန်ရှိသူအသီးသီးက ယခုလိုပြောကြားခဲ့ပါတယ်။
မိုင်းခတ်မြို့တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံပေး
Mar 03,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ် ဆေးထိုးနှံခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က မိုင်းခတ်မြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် တိုက်ကျွေးထိုးနှံပေးကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ရွာသစ်ကျေးရွာ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့် စပ်လျဉ်း၍ ဒေသခံပြည်သူများ သိရှိနားလည်စေရန် အသိပညာပေးဆွေးနွေး
Mar 03,2024
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ များနှင့် စပ်လျဉ်း၍ သိရှိနားလည်နိုင်စေရန်နှင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ် ပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေ ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီက ပွင့်ဖြူမြို့နယ် ရွာသစ်ကျေးရွာ ဓမ္မာရုံ၌ ကျင်းပသည်။