သတင်းများ

လဲချားမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 13,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများအား လေ့လာသိရှိစေရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ နံနက် (၁၀)နာရီအချိန်က မြို့မ‌စျေးလမ်းဆုံတွင် လဲချားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာများပူးပေါင်းကာ မြို့အတွင်း ဖြတ်သန်းသွားလာနေသော ခရီးသည်များ၊ မိဘပြည်သူများနှင့် ဒေသနေတိုင်းရင်းသားများအားလုံး ဖြန့်ဝေပေးခြခဲ့ကြကြောင်း သိရှိရသည်။
မက်မန်းမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ
Mar 13,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က မက်မန်းမြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဗိုလ်တထောင်မြို့နယ်၌ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်ငှားခြင်းဆောင်ရွက်
Mar 13,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၌ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များအား အခမဲ့ငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက မတ်လ ၁၁ ရက်နေ့ နေ့လယ်(၁)နာရီအချိန်က ဗိုလ်တထောင်မြို့နယ် သမဦးစီးဌာနတွင် စာအုပ်များလက်ဝယ်အရောက် အခမဲ့ငှားပေးခြင်းများ ဆောင်ရွက်ကြောင်းသိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်အား တည်ငြိမ်အေးချမ်းစွာ ဆက်လက်ဖြေဆို
Mar 13,2024
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲအား စာစစ်ဌာန ၂ ခု ဖွင့်လှစ်၍ ယမန်နေ့နံနက် ၉ နာရီအချိန်တွင် သက်ဆိုင်ရာစာစစ်ဌာနများတွင် အင်္ဂလိပ်စာဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများတည်ငြိမ်အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုခဲ့ကြသည်။
မက်မန်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း ကျင်းပ
Mar 13,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်နိုင်ရေး စာဖတ်ဝိုင်းကို ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
အမျိုးသားတံခွန်စိုက်ဒိုင်းဆုရရှိခဲ့သော အောင်ပွဲရကရင်ပြည်နယ်ဝူရှူး(ဆန်ဆို)အသင်းအား ဂုဏ်ပြုချီးမြှင့်
Mar 13,2024
၂၀၂၄ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝူရှူးပြိုင်ပွဲတွင် အမျိုးသားတံခွန်စိုက်ဒိုင်းဆုရရှိခဲ့သော အောင်ပွဲရ ကရင်ပြည်နယ်ဝူရှူး(ဆန်ဆို)အသင်းအား ဂုဏ်ပြုချီးမြှင့်သည့်အခမ်းအနားကို မတ်လ ၁၂ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
ကံမမြို့နယ် ကဒူးပြင်(အနောက်)ကျေးရွာ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ
Mar 13,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ကဒူးပြင်ကျေးရွာအုပ်စု ကဒူးပြင်(အနောက်)ကျေးရွာ ဘုန်းတောကြီးကျောင်းဓမ္မာရုံ၌ ယမန်နေ့နံနက် (၁၀)နာရီက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ခံအရာရှိများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။  
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် စဉ့်ကိုင်မြို့နယ်၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုများအား လိုက်လံကြည့်ရှု
Mar 13,2024
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး ပညာရေးမှူး ဦးကျော်မိုးထွန်းနှင့် တာဝန်ရှိသူများ လိုက်ပါလာပြီး ယမန်နေ့နံနက် ၁၀ နာရီအချိန်က စဉ့်ကိုင်မြို့နယ်အတွင်းရှိ၊ အ.ထ.က (စဉ့်ကိုင်) ကျောင်းသို့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် စိတ်အေးချမ်းသာစွာဖြေဆိုနေသော ကျောင်းသား/သူများအား လိုက်လံကြည့်ရှုခဲ့ကြသည်။