ရမည်းသင်း ဖေဖော်ဝါရီ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် မြို့လှ၊ မကျီးကုန်း၊ အင်းပေါင်၊ ပုတီးကုန်း၊ ကမ္မ၊ ပဲ့ဆည်၊ ဝါးရုံတော၊ ပျားစီနှင့် ဆတ္ထိုးကြီးအုပ်စုရှိ ဒေသခံပြည်သူများ ပြည်သူ့စ်မှုထမ်းဥပဒေ အကြောင်းအရာများ သိရှိလိုက်နာနိုင်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၁၀ နာရီက မြို့လှကျေးရွာ ဘုန်းတော်ကြီးမြောက်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းက ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်နှင့် ပြည်သူ့စစ်မှုထမ်းတို့၏ အကျိုးခံစားခွင့်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ရွှေသိန်းက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ စစ်မှုထမ်းရမည့်အသက်အရွယ် အပိုင်းအခြား သတ်မှတ်ထားမှုနှင့် စစ်မှုထမ်းဆောင်ရန်အချိန်ကာလ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုသည့်အချက်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ ပြစ်မှုပြစ်ဒဏ်များကို လည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်အဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးထက်က တပ်မတော်သားတစ်ဦးပိုင်ခွင့်များ၊ အကျိုးခံစားခွင့်များကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေး ပြောကြားသည်။
ရမည်းသင်းမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာဆွေးနွေးပွဲသို့ ကျေးရွာအုပ်စု (၉)အုပ်စုမှ ဒေသခံပြည်သူစုစုပေါင်း (၃၀၀) ဦးအား ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို ရှင်းလင်းပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များကို ဆွေးနွေးပွဲတက်ရောက်လာသူများထံ ဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)