အရာ‌‌တော်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade- 5 နှင့် Grade- 9 စာမေးပွဲ အေးချမ်းစွာဖြေဆိုပြီးစီး

အရာတော် ဖေဖော်ဝါရီ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၌ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် အခြေခံ ပညာမူလတန်းအဆင့် Grade-5 နှင့် အခြေခံပညာအလယ်တန်းဆင့် Grade-9 အစိုးရစစ် စာမေးပွဲများကို အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာကျောင်းများတွင် ဖေဖော်ဝါရီ ၂၂ ရက်နေ့ နံနက် ၉ နာရီက အေးချမ်းစွာစတင်ဖြေဆိုခဲ့ကြောင်း သိရသည်

မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ Grade-5 အစိုးရစစ်စာမေးပွဲတွင် အ-ထ-က အရာတော်၊ အ-ထ-က(ခွဲ) ငွေတွင်းကျေးရွာနှင့် အ-မ-က တပ်တွင်းကျောင်းတို့တွင် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ပေါင်း(၂၅၄) ဦးရှိပြီး ဖြေဆိုသူ ကျောင်းသား (၁၁၇) ဦး၊ ကျောင်းသူ (၁၂၃) ဦး ဖြေဆို၍ ပျက်ကွက်သူ (၁၄)ဦးရှိပြီး အေးချမ်းစွာဖြေဆိုပြီးစီးကြောင်း Grade-9 စာမေးပွဲတွင် အ-ထ-က အရာတော်နှင့် အ-ထ-က (ခွဲ) ငွေတွင်းကျေးရွာတို့တွင် ကျောင်းသား၊ ကျောင်းသူပေါင်း (၁၆၁) ဦးရှိပြီး ကျောင်းသား (၅၈)ဦး၊ ကျောင်းသူ (၉၇)ဦးဖြေဆို၍ ပျက်ကွက်သူ () ဦးရှိပြီး အေးချမ်းစွာဆက်လက်ဖြေဆို လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)