စစ်ကိုင်းတိုင်းဒေသကြီး ဗဟိုစာရင်းအင်းအဖွဲ့ရုံးတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေးရှင်းလင်းပွဲကျင်းပ

မုံရွာ မတ် ၁

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့လမ်းညွှန်မှုဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို  ယနေ့ နံနက် ၁၁ နာရီက စစ်ကိုင်းတိုင်းဒေသကြီး ဗဟိုစာရင်းအင်းအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးနှင့် ခရိုင်ရုံးရှိ ဝန်ထမ်းများအား စစ်ကိုင်းတိုင်းဒေသကြီး ဗဟိုစာရင်းအင်းအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးက အဖွင့်အမှာစကားပြောကြားပြီး ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာသိကောင်းစရာများအား အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကာ တက်ရောက်လာကြသူများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ရှင်းလင်းဖြေကြားခဲ့သည်။

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသူ ဝန်ထမ်းများအား တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းမှုအပေါ် ဝန်ထမ်းများ သိရှိလေ့လာနိုင်စေရန်အတွက် လက်ကမ်းစာစောင်များနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။ 

ခရိုင်(ပြန်/ဆက်)