ဖျာပုံ မတ် ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျန်းမာကြံ့ခိုင်သော လူငယ်၊ လူရွယ်များ ဖြစ်လာစေရန်၊ နိုင်ငံတော်မှ အားထားရသော မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ဆောင်းရာသီအခြေခံ အားကစားသင်တန်းသင်းတန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းအချိန်က ဖျာပုံမြို့နယ် ပြည်သူ့အားကစားခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ဖျာပုံခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာဦး ကသင်တန်းဆင်း အမှာစကားပြောကြားပြီး၊ မြို့နယ်အားကစားမှူး ဒေါ်နွယ်နွယ်လှိုင်က သင်တန်းသားသင်တန်းသူများအား၊ အားကစားဝတ်စုံများ ထောက်ပံ့ပေးအပ်သည်။ ထို့နောက် ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ဘတ်စကတ်ဘော အားကစားသမားများအား အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး၊ ဆောင်းရာသီအားကစားသင်တန်းများ အဖြစ်ဘတ်စကတ်ဘော၊ Fitness Dance၊ နှင့် အေရိုးဗစ်သင်တန်းများကို (၂၁ -၂ -၂၀၂၄)မှ( ၂၉- ၂ -၂၀၂၄)ရက်နေ့ထိ ဖွင့်လှစ် သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရှိရသည်။
အောင်ဝင်းနိုင်
ဖျာပုံခရိုင်(ပြန်/ဆက်)