ငါန်းဇွန် မတ် ၁
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမမှာ ယနေ့ နံနက် ၉ နာရီခွဲက ကလေးအလုပ်သမားပ ပျောက်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Talk Show ဆွေးနွေးပွဲမှာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ကလေးသူငယ်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကလေးသူငယ်ဥပဒေပါ ကလေးသူငယ်များ၏ အခွင့်အရေးများ၊ ကလေးသူငယ်လုပ်သား၏ အဓိပ္ပါယ်၊ ကလေးသူငယ် လုပ်သား ပေါ်ပေါက်လာရသည့် အကြောင်းရင်းများနှင့် ကလေးသူငယ်လုပ်သား ပပျောက်ရေး လုပ်ဆောင်နေမှုများ စသည့် အကြောင်းအရာများကို မေးမြန်းရာ မြို့နယ်ဥပဒေအရာရှိ ဦးရဲထက်နိုင်က အကျယ်တဝင့် ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)