ကျိုင်းတုံ ဇွန် ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနက နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် ဝန်ထမ်းပေါင်းစုံငွေစု ငွေချေးသမဝါယမအသင်း လီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ ကျိုင်းတုံမြို့နယ် ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်း ဥက္ကဋ္ဌ ဒေါ်မေနှင်းအေးက အဖွင့်အမှာစကားပြောကြားပြီး၊ အတွင်းရေးမှူး ဒေါ်နန်းအမ်းတစ်နွံက ဒါရိုက်တာအဖွဲ့အစီရင်ခံစာနှင့် ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းနှင့် ရှေ့လုပ်ငန်းစဉ်များကို ဖတ်ကြားတင်ပြသည်။
ထို့နောက် ဒါရိုက်တာအဖွဲ့မှတင်သွင်းသော အစီရင်ခံစာနှင့် ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်း၊ ရှေ့လုပ်ငန်းစဉ်များကို အတည်ပြုကာ တက်ရောက်လာသော အသင်းသားများသို့ အခြေခံစားသောက်ကုန်ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ် မြို့နယ်သမဝါယမအသင်းစုအနေဖြင့် ငွေစုငွေချေး အသင်းသားများ၏ ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း စုဆောင်းငွေအပေါ် အတိုးငွေ ကျပ် (၁၁၅၆၄၆၀၅) ပြန်လည် ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)