ကျောက်တံခါး ဇွန် ၆
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ် မြို့နယ်ပြည်သူ့ဆေးရုံ၌ ဖြူးမြို့ခုတင် (၁၀၀) အထွေထွေရောဂါကုဆေးရုံကြီးမှ မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာအောင်ကျော်မိုး၊ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား အခမဲ့ကွင်းဆင်းကုသပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းကုသဆောင်ရွက်ပေးရာတွင် အမျိုးသား (၈၇) ဦး၊ အမျိုးသမီး (၂၀၉) ဦး၊ စုစုပေါင်း (၂၉၆) ဦးတို့အား သက်ဆိုင်ရာကဏ္ဏအလိုက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ပြီး ဆေးကုသပေးနေမှုများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်ဆွေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ စည်သူစန်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးမင်း(ပြန်/ဆက်)