မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်း ပြုလုပ်

မန္တလေး   ဇွန် ၆

မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့ ညနေ ၃ နာရီက စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေးလက်စွဲစာစောင်စာအုပ်ဖြင့် ဝန်ထမ်းစာဖတ်ဝိုင်း ပြုလုပ်သည်။

စာဖတ်ဝိုင်းတွင် ဝန်ထမ်းများအနေ ဖြင့် မိမိ၏လုပ်ကိုင်ရသည့် လုပ်ငန်းများအပေါ် ပိုမိုကျွမ်းကျင် တတ်မြောက်လာစေရန်၊ အသိပညာဗဟုသုတများ တိုးပွား လာစေရန်၊ ညဏ်ရည် ညဏ်သွေးများ မြင့်မားလာစေရန်နှင့် အားလပ်သည့်အချိန်များတွင် စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် စာပေအကျိုးကျေးဇူးများ ရရှိစေရန်ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေး လက်စွဲစာစောင် စာအုပ်တွင်ပါရှိသည့် “စာကြည့်တိုက်အဓိပ္ပာယ်” ခေါင်းစဉ်ပါ အကြောင်းအရာများကို ရှင်းလင်း ဆွေးနွေးပြောကြားသည်။ ယင်းနောက်  စာဖတ်ဝိုင်းတက်ရောက်လာသည့် ဝန်ထမ်းများကလည်း သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)