ကျောက်ကြီးမြို့နယ်၌ ဗုဒ္ဓဘာသာယဥ်ကျေးမှုစာမေးပွဲအောင်မြင်သူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ကျောက်ကြီး ဇွန်လ ၇

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက် ၉ နာရီအချိန်တွင် သိန်တန်းရပ်ကွက် ကသစ်ဝိုင်ဓမ္မရိပ်သာ နှစ်ထပ်ကျောင်းဆောင်ဓမ္မာရုံတွင် မြို့နယ် သံဃာ့နာယက ဥက္ကဌ ဆရာတော်နှင့် မြို့နယ် သံဃာ့ဝန်ဆောင်ဆရာတော်များဦးဆောင်ပြီး ဗုဒ္ဓဘာသာယဥ်ကျေးမှုစာ မေးပွဲအောင်မြင်သူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပခဲ့သည်။

 အခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဆိုဖွင့်လှစ်၍ မြို့နယ်သံဃာ့နာယက ဥက္ကဌ ကုန်းကျောင်းပရိယတ္တိစာသင်တိုက် တိုက်အုပ် ဆရာတော်ဥူးစန္ဒိမာထံမှ သြဝါဒတရား နာယူပြီး၊ အကျိုးတော်ဆောင်ဂေါပကများမှ ဗုဒ္ဓဘာသာယဥ်ကျေးမှုနှင့်ပတ်သက်၍ တင်ပြလျှောက် ထားခြင်းနှင့် ငွေစာရင်းရှင်းတမ်းဖတ်ကြားခြင်းများဆောင်ရွက်ခဲ့သည်။

ဆက်လက်ပြီး ၂၀၂၆ ခုနှစ် (၄၀) ကြိမ်မြောက် ဗုဒ္ဓဘာသာယဥ်ကျေးမှုစာမေးပွဲ၌ (၃)ဘာသာ ဂုဏ်ထူးရှင် (၆)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၈)ဦး၊(၁)ဘာသာဂုဏ်ထူးရှင် (၁၀)ဦး၊ (၃)ဘာသာ ရိုးရိုးအောင် (၅)ဦး၊ (၁)ဘာသာရိုးရိုးအောင် (၆)ဦး စုစုပေါင်း (၃၅)ဦးအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးဖြိုးဝေလင်း နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများက စာအောင်လက်မှတ်နှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ခဲ့ပြီး အခမ်းအနားကို ဗုဓ္ဒသာသ နံစိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆိုရုပ်သိမ်းခဲ့ကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်