တောင်ဥက္ကလာပမြိုနယ်တွင် ၂၀၂၆ ခုနှစ် အစိုးရနိကာယ် စာမေးပွဲဖြေဆို

တောင်ဥက္ကလာပ ဇွန် ၆

 သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့်  ၂၀၂၆ ခုနှစ်  (၃၂) ကြိမ်မြောက် အစိုးရနိကာယ် စာမေးပွဲကို ဇွန် ၅ ရက် မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီထိ တောင်ဥက္ကလာပမြို့နယ် သုံးထပ်ဆောင်သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်သည်။

အဆိုပါ အစိုးရနိကာယ်စာမေးပွဲသို့ မြိုနယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်နှင့် အဖွဲ့ဝင် ဆရာတော်များ၊ အစိုးရနိကာယ် စာမေးပွဲကြီးကြပ်ရေး အဖွဲ့ဝင်ဆရာတော်များက လိုအပ်သည်များ မြွက်ကြားခဲ့သည်။

အဆိုပါ စာမေးပွဲသို့ တောင်ဥက္ကလာပမြိုနယ်မှ စာရင်းရှိ သံဃာတော် (၇၃)ပါး ဖြစ်ပြီး ဖြေဆိုသူသံဃာတော် စုစုပေါင်း(၂၆)ပါးတို့က ဝင်ရောက်ဖြေဆိုခဲ့ကြပြီး တောင်ဥက္ကလာပမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များက စာဖြေသံဃာတော်များအား အအေးနှင့် ရေသန့်ဘူးများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ခင်ဆွေနှင်း (ပြန်/ဆက်)