ချင်းပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် Online ဖြင့် အစည်းအဝေးပြုလုပ်
Jun 07,2026
ချင်းပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် သစ်ခွဲသားတန်ချိန် ၂၇၁ ဒသမ ၁၈၅ တန်အား စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ မှတစ်ဆင့် ချင်းပြည်နယ်သို့ ပို့ဆောင်နိုင်ရေးအစည်းအဝေးကို ဇွန်လ ၇ ရက်နေ့ နံနက်ပိုင်းက Online ဖြင့်ပြုလုပ်ရာ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့်ပြန်လည် တည်ဆောက်ရေးကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး၊ ဒုတိယဥက္ကဋ္ဌ ပြည်နယ်လုံးခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးကျော်ဇောလင်းတို့သည် တီးတိန်မြို့မှ လည်းကောင်း၊ မြန်မာ့သစ်လုပ်ငန်း အထွေထွေမန်နေဂျာ ဦးမိုးမြင့်၊ ကလေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကလေးမြို့မှ လည်းကောင်း တက်ရောက်ကြသည်။