​ကျောက်မဲမြို့နယ်၌ ဒေသကြက်ကောင်ရေ ၈၀ အား လည်လိမ်ရောဂါကာကွယ်ဆေး တိုက်ကျွေး

ကျောက်မဲ ဇွန် ၇

​ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်းရှိ ဒေသကြက်မွေးမြူရေးခြံများသို့ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

​ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကျောက်မဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာဝေမာထွန်းနှင့် ဝန်ထမ်းများသည် အမှတ် (၉) ရပ်ကွက်ရှိ ဒေသကြက် မွေးမြူသူ တောင်သူ (၄) ဦး၏ ခြံများသို့ သွားရောက်ကာခြံရှိ ဒေသကြက်များ အား အပူဒဏ်ခံ လည်လိမ်ရောဂါကာကွယ်ဆေး (I) ကို မျက်စဉ်းခတ် တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

​(ခရိုင်ပြန်/ဆက်)