ကြို့ပင်ကောက် ဇွန် ၇
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၌ (၃၂)ကြိမ်မြောက်သာသနာတော်ဆိုင်ရာ အစိုးရနိကာယ်စာမေးပွဲများကို တိုက်ကျောင်းပါဠိတက္ကသိုလ်ကျောင်းတိုက်တွင် ဇွန်လ ၅ ရက်နေ့မှစ၍ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ နိကာယ်စာမေးပွဲကို နတ်တလင်းမြို့နယ်၊ ဇီးကုန်းမြို့နယ်၊ ကြို့ပင်ကောက်မြို့နယ်၊ အုတ်ဖိုမြို့နယ်တို့မှ သံဃာတော်များနှင့် သီလရှင်ဆရာလေးများ စုစုပေါင်း ၇၀ ပါးတို့သည် ဇွန်လ ၇ ရက်နေ့စာမေးပွဲတတိယနေ့က ဝင်ရောက်ဖြေဆိုကြကြောင်း စုစုပေါင်း ဘာသာရပ် ၇ ခုအား ဝင်ရောက်ဖြေဆိုကြကြောင်း အဆိုပါအစိုးရနိကာယ်စာမေးပွဲများကို ဇွန်လ ၅ ရက်နေ့မှ ၉ ရက်နေ့အထိ နေ့စဉ် ၁၂ နာရီမှညနေ ၄ နာရီအထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အစိုးရနိကာယ်စာမေးပွဲများကျင်းပနေစဉ်တွင် မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်ကြီးနှင့် အဖွဲ့ဝင်ဆရာတော်ကြီးများက ကြီးကြပ်တော်မူခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများနှင့် အလှူရှင်များက ကြီးကြပ်ရေးဆရာတော်ကြီးများ စာဖြေသံဃာတော်များနှင့် သီလရှင်ဆရာလေးများအား နေ့ဆွမ်းအချိုရည်နှင့်ရေသန့်ဘူးများ ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)