နတ်မောက် ဇွန် ၈
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဖြန့်ဝေခဲ့ကြသည်။
ထိုသို့ လက်ကမ်းစာစောင်တွင် ကလေးသူငယ်ဆိုသည်မှာ အသက်၁၈နှစ်မပြည့်သေးသောသူကိုဆိုသည်။ ကလေးဆိုသည်မှာ အလုပ်လုပ်ကိုင်ရန်မှတ်ပုံတင်ဆရာဝန်ခွင့်ပြုသည့် အသက်၁၄နှစ်ပြည့်ပြီး အသက်၁၆နှစ်မပြည့်သေးသူကို ဆိုလိုသည်။ လူရွယ်ဆိုသည်မှာ အသက်၁၆နှစ်ပြည့်ပြီး အသက်၁၈နှစ်မပြည့်သေးသူကိုဆိုလိုသည်။ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေပုဒ်မများ၏ အကြောင်းအရာပါ လက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူ များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လှဝင်း