သီပေါမြို့ အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

သီပေါ ဇွန် ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျောင်းသား၊ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါများ မဖြစ်ပွားစေရန်အတွက် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းမျာကို ယနေ့နံနက်ပိုင်းက အမှတ်(၆)အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အဘိတ်ဆေးခပ်ခြင်း၊ ပိုးလောက်လန်းမပေါက်ပွားစေရေးစစ်ဆေးခြင်း၊ ရေဝပ်နိုင်သည့်နေရာများအားစစ်ဆေးခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို သီပေါမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နိုင်နိုင်ဝင်းနှင့်အဖွဲ့က စနစ်တကျစစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ကျန်ရှိနေသော အခြေခံပညာကျောင်းများ၊ ရပ်ကွက်အတွင်းရှိနေအိမ်များသို့ ဆက်လက်ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 မြို့နယ် ပြန်/ဆက်