သတင်းများ

ပြည်ကြီးမဏ္ဍိုင်မြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်
Jun 24,2025
တနင်္သာရီတိုင်းဒေကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ အခြေခံပညာအလယ်တန်းကျောင်း၌ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်း အမှတ်အကြို ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်းနှင့် လက်တွေ့သရုပ်ပြခြင်း အခမ်းအနားပြုလုပ်
Jun 24,2025
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ကသာခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ စွန့်ပစ်အမှိုက်များကို အမျိုးအစားအလိုက် စနစ်တကျ ခွဲခြားစွန့်ပစ်ခြင်းဖြင့် သန့်ရှင်းသာယာလှပသောပတ်ဝန်းကျင်၊ ကျန်းမာပျော်ရွှင်သော လူ့ဘောင်အဖွဲ့အစည်းနှင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သော စီးပွားရေးတည်ထောင်နိုင်ရန်တို့ကိုရည်ရွယ်၍ အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းလုပ်ငန်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ကသာမြို့ မြို့မဈေးကြီး၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ကရသူရိမြို့၌ ကျောင်းသား/ သူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေး ဉာဏ်စမ်းပြိုင်ပွဲ ကျင်းပ
Jun 24,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊  ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသား/သူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေး ဉာဏ်စမ်း ပြိုင်ပွဲကို ဇွန်လ ၂၀ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျုံပျော်မြို့နယ်၌ ပြည်ထောင်စုလူမှုစီးပွားမြှင့်တင်ရေး စီမံကိန်းသွင်းအားစုပေးအပ်ပွဲကျင်းပ
Jun 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်ရှိ သမဝါယမအသင်းသား တောင်သူများထံသို့ ပြည်ထောင်စု လူမှုစီးပွားမြှင့်တင်ရေးစီမံကိန်းမှ သွင်းအားစုထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မိုးကြိုးပစ်ကျေးရွာစာကြည့်တိုက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပုဂံမြို့ လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်း စတင်
Jun 24,2025
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့သစ်၊ သီရိပစ္စယာရပ် အေဒီ ၁၁ ရာစု၊ အနော်ရထာမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းအား ဇွန်လ ၂၃ ရက်၊ နံနက် ၈ နာရီခွဲ အချိန်က စတင်ကပ်လှူလျက်ရှိကြောင်း သိရသည်။
ကန့်ဘလူမြို့၌ ဆံပင်အုပ်(ဘိုးကလစ်) ပြုလုပ်နည်းသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Jun 24,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင် ဒေသတွင်းအမျိုးသမီးများ အလုပ်အကိုင်အခွင့် အလမ်း ရရှိရေးရည်ရွယ်ကာ ဖွင့်လှစ်ခဲ့သည့် ဆံပင်အုပ်(ဘိုးကလစ်)ပြုလုပ်နည်းသင်တန်းဆင်းပွဲကို ယမန်နေ့က ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
ရေဦးမြို့တွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်အ‌ကြောင်း အသိပညာပေးဟောပြော
Jun 24,2025
အနာဂတ်၏မျိုးဆက်သစ်လူငယ်များဖြစ်သည့် ကျောင်းသား/ကျောင်းသူများ မူးယစ်ဆေး၏အန္တရာယ်ကိုသိရှိပြီး မူးယစ်ဆေးဝါးအန္တရာယ်ကို ရှောင်ရှားနိုင်စေရန်ရည်ရွယ်ပြီး  စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင် ရေဦးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူး၍ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲကို  ယနေ့နံနက်  ၁၀  နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျာင်း (စစ်တွေ)ရှိ ကျောင်းသား၊ ကျောင်းသူများနှင့်နေ့လယ်စာ စားပွဲတက်ရောက်
Jun 24,2025
နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျာင်း(စစ်တွေ)ရှိ ကျောင်းသား၊ ကျောင်းသူများနှင့် နေ့လယ်စာစားပွဲကို ဇွန်လ ၂၂ ရက်နေ့နံနက်ပိုင်းက အဆိုပါသင်တန်းကျောင်း၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။