ကန့်ဘလူ ဇွန် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင် ဒေသတွင်းအမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးရည်ရွယ်ကာ ဖွင့်လှစ်ခဲ့သည့် ဆံပင်အုပ်(ဘိုးကလစ်)ပြုလုပ်နည်းသင်တန်းဆင်းပွဲကို ယမန်နေ့က ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန် ကြားရေးမှူး ဒေါ်နန်းမြင့်က လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးပြီး အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးအတွက် ဒေသနှင့်ကိုက်ညီသည့် သင်တန်းများကို ပြင်ပပညာရှင်များနှင့်ချိတ်ဆက်၍ စဥ်ဆက်မပြတ် ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ သင်တန်းတက်ရောက်လိုသူများနှင့် မိမိတို့ပတ်ဝန်းကျင်ရှိ ပြည်သူများကို ပြန်လည်ပြောကြားပေးကြရန် မှာကြားခဲ့သည်။
အဆိုပါသင်တန်းသို့ သင်တန်းသူ ၁၅ ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလ ဇွန် ၂၁ ရက်မှ ၂၃ ရက်ထိ ဘိုးကလစ်ပြုလုပ်နည်းများကို လက်တွေ့သင်ကြားပေးခဲ့ကြောင်းနှင့် သင်တန်းသူများ အား ဘိုးကလစ်များကို အမှတ်တရလက်ဆောင်အဖြစ် ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ပြန်/ဆက်)