ကျုံပျော်မြို့နယ်၌ ပြည်ထောင်စုလူမှုစီးပွားမြှင့်တင်ရေး စီမံကိန်းသွင်းအားစုပေးအပ်ပွဲကျင်းပ

ကျုံပျော် ဇွန် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်ရှိ သမဝါယမအသင်းသား တောင်သူများထံသို့ ပြည်ထောင်စု လူမှုစီးပွားမြှင့်တင်ရေးစီမံကိန်းမှ သွင်းအားစုထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မိုးကြိုးပစ်ကျေးရွာစာကြည့်တိုက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် သမဝါယမဦးစီးဌာန နေပြည်တော် ညွှန်ကြားရေးမှူးချုပ်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းအေးနှင့် ဧရာဝတီ တိုင်းဒေသကြီးတိုင်း ဦးစီးမှူး ဦးကျော်စိုးမင်းတို့က အသင်းသား (၃၀) ဦး၊ စိုက်ဧက (၉၀) တို့အတွက် သွင်းအားစုနှင့်ထွန်ယက်ခထောက်ပံ့ငွေ ကျပ်သိန်း (၁၈၀)အား အသင်းသားကိုယ်စားလှယ်များထံသို့ ထောက်ပံ့ပေးအပ်ခဲ့သည်။

အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းအေး၊ ဧရာဝတီတိုင်းဒေသကြီးတိုင်းဦးစီးမှူး ဦးကျော်စိုးမင်း၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစု အသင်းသားတောင်သူ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)