ကရသူရိ ဇွန် ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသား/သူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေး ဉာဏ်စမ်း ပြိုင်ပွဲကို ဇွန်လ ၂၀ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးက ကျောင်းသား/ သူများ မြန်မာစာပေနှင့် မြန်မာဝေါဟာရများကို ပိုင်ပိုင်နိုင်နိုင်အသုံးပြုတတ်စေရေး၊ အတွေးအခေါ်များကောင်းမွန်စေရေး၊ ဉာဏ်ရည်/ဉာဏ်သွေးထက်မြက်ရေးတို့အတွက် ကျင်းပပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ပြိုင်ပွဲဝင်ကျောင်းသား/ သူများအား မြို့ဦးစီးမှူးက တစ်ဦးချင်းအလိုက် ဉာဏ်စမ်းမေးခွန်းများ မေးမြန်းခြင်းနှင့် ရုပ်သံကျွမ်းကျင်-၃ မှ ဆုရွေးချယ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲသို့ ကရသူရိမြို့ အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်း/ အလယ်တန်းအဆင့်ကျောင်းသား/ သူ(၁၈)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)