လဲချားမြို့နယ်တွင် ၂၀၂၅ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

လဲချား ဇွန် ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်၊ နောင်ပန်ကျေးရွာရှိ ဟိုလွယ်ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း၌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနမှဦးဆောင်၍ ၂၀၂၅ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲအား ယမန်နေ့ နံနက် ၇ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

 ရှေးဦးစွာ‌ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်က သစ်ပင်စိုက်ပျိုးပွဲပြုလုပ်ရခြင်းရည်ရွယ်များအား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊‌ တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများ၊ ဒေသခံတိုင်ရင်းသားပြည်သူများ အင်အား(၃၅၀)ဦးထံသို့ ကျွန်းပင်(၅၀)ပင်၊ ကံ့ကော်(၁၀)ပင်၊ ခရေ(၅)ပင်၊ မဲဇလီ(၇၃၅)ပင်၊ မန်ဂျန်ရှား(၁၀၀)ပင်၊ ချယ်ရီ(၅၀)ပင်နှင့် မျောက်ငို(၅၀)ပင် စုစုပေါင်း ပျိုးပင်(၁၀၀၀)အား မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကပေးအပ်ခဲ့ပြီး (၁၀'×၁၀')ပန္နက်ဖြင့်စိုက်ပျိုးခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပျိုးပင်များစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)