ဆင်ပေါင်ဝဲမြို့၌ သွားတိုက်ဆေးအတုရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ဆင်ပေါင်ဝဲ ဇွန် ၂၁

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးနိုင်ဦး ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၈ နာရီက ဆင်ပေါင်ဝဲမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် သွားတိုက်ဆေးအတုရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဆင်ပေါင်ဝဲမြို့ပေါ်ရှိကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ဆိုင်ရှင်များအနေဖြင့်  သွားတိုက်ဆေးအမှတ်တံဆိပ် ကုန်ပစ္စည်းအစစ်နှင့် ကုန်ပစ္စည်းအတု၏ အသေးစိတ်အချက်များဖြင့် တိုက်ဆိုင်စစ်ဆေးခြင်း၊ သွားတိုက်ဆေးအတုရောင်းချနေခြင်း ရှိ/မရှိ စစ်ဆေးခြင်းနှင့်  အမှတ်တံဆိပ်သွားတိုက်ဆေးအတုအား စျေးကွက်အတွင်း ရောင်းချမှုရှိလျှင် နောက်နောင်စစ်ဆေးတွေ့ရှိပါကတည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်မည့် ပြစ်မှုပြစ်ဒဏ်များကို အသိပညာပေးဆွေးနွေး ပြောကြားခဲ့ကြောင်းသိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)