ညောင်ဦးမြို့နယ် ရွှေစည်းခုံစေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်လျက်ရှိရာ စတုတ္ထပိုင်းလုပ်ငန်းစဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ညောင်ဦး ဇွန် ၂၁

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ရွှေစည်းခုံစေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်လျက်ရှိရာ စတုတ္ထပိုင်းလုပ်ငန်းစဉ်ဖြစ်သည့် အလယ်ပစ္စယံ၊ အောက်ပစ္စယံ၊ နတ်မုခ်လေးခု၊ နတ်လှေကားလေးစင်း၊ ခြင်္သေ့ကြီးလေးစီး၊  ကြာသွပ်အိုးရှစ်အိုးတို့အား လုပ်ငန်းဆောင်ရွက်ဆဲအခြေအနေနှင့် လိုအပ်သောရွှေဆိုင်းများ ထပ်မံဝယ်ရေးနှင့်စပ်လျဉ်း၍ ယမန်နေ့နေ့လယ် ၁ နာရီအချိန်က ရွှေစည်းခုံစေတီတော်ကြီး ဂေါပကအဖွဲ့ ရုံးခန်းတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်  ရွှေစည်းခုံစေတီတော်မြတ်ကြီးလုံးတော်ပြည့် ရွှေသင်္ကန်း‌ ဆက်ကပ်ခြင်းလုပ်ငန်းဦးစီးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုက အဖွင့်အမှာ စကားပြောကြားပြီး၊ စတုတ္ထပိုင်းလုပ်ငန်းစဉ်ဖြစ်သည့် အလယ်ပစ္စယံ၊ အောက်ပစ္စယံ၊ နတ်မုခ်လေးခု၊ နတ်လှေကား လေးစင်း၊ ခြင်္သေ့ကြီးလေးစီး၊  ကြာသွပ်အိုးရှစ်အိုးတို့အား လုပ်ငန်းဆောင်ရွက်ဆဲအခြေအနေနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေတို့အား ရွှေစည်းခုံ ဘုရားဂေါပကအဖွဲ့ကရှင်းလင်းပြောကြားကာ လိုအပ်သောရွှေဆိုင်းထပ်မံဝယ်ယူရေးနှင့်စပ်လျဉ်း၍ ခရိုင်သာသနာရေးမှူး ဦးနေလင်းသိန်းက ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် ရွှေစည်းခုံစေတီတော်မြတ်ကြီးလုံးတော်ပြည့် ရွှေသင်္ကန်း‌ ဆက်ကပ်ခြင်း လုပ်ငန်းဦးစီးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်တာဝန်ရှိသူများက ရွှေသင်္ကန်းကပ်လှူ ပြီးစီးမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးခြင်းနှင့် ရွှေသင်္ကန်းကပ်လှူနိုင်ရေးအောင်မြင် စွာပြီးစီးတော့မည့်အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း