သတင်းများ

ကာလိမြို့တွင် အပြည်ပြည်ဆိုင်ရာ ရာသီဥတုပြောင်းလဲမှုနေ့အထိမ်းအမှတ်အဖြစ် စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော် ကျင်းပ
Jun 21,2025
ဇွန်လ(၂၁)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ရာသီဥတုပြောင်းလဲမှုနေ့အထိမ်းအမှတ်အဖြစ် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ရာသီ ဥတုကောင်းမွန်မျှတစေရေးနှင့်သစ်တော သစ်ပင်များကို တန်ဖိုးထားတတ်စေရေးတို့အတွက် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို  ရှမ်းပြည်နယ် (တောင်ပိုင်း)၊ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ အမှတ်(၁၅၁)ခြေလျင်တပ်ရင်း တပ်ဝန်းအတွင်း ကွန်ဟိန်းမြို့နယ် သစ်တောဦးစီးဌာနက ကြီးမှူး၍ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ၊ သဘာဝဘေးအသိပညာပေးသရုပ်ပြပွဲနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Jun 21,2025
နေပြည်တော် စိမ်းလန်းစိုပြေရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းတွင် ဇဗ္ဗူသီရိမြို့နယ်၊ ဗေဗေ့မောင်ဆည်၌ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝင်နှင့် ကော်မတီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ တက်ရောက်ကြသည်။
အ.ထ.က တောင်ဒဂုံကျောင်း၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်
Jun 21,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့က ထောင်ခမက်ကျေးရွာအုပ်စု၊ တောင်ဒဂုံ ဆီအုန်းစိုက်ပျိုးရေးစီမံကိန်းရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲပြုလုပ်
Jun 21,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ကျင်းပပြုလုပ်သည် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက လူထုအခြေပြုဗဟိုဌာန၊ ဘက်စုံသုံးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဟိုပုံးမြို့နယ်၌ မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်း ဖွင့်ပွဲသို့တက်ရောက်
Jun 21,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာ‌ရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သည့် အစားထိုးအသေးစား ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရေးဆောင်ရွက်မည့်လုပ်ငန်း မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၁)နာရီအချိန်က စံဖူးကျေးရွာအုပ်စု၊ ကျောက္ကချား ကျေးရွာတွင် ကျင်းပပြုလုပ်သည်။
မုံရွာမြို့ နန္ဒဝန်မူလတန်းကြိုကျောင်းတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြီး ဆေးစိမ်ခြင်ထောင်များ ပေးအပ်
Jun 21,2025
စစ်ကိုင်းတိုင်းဒေသကြီးလူ မှုဝန်ထမ်းဦးစီးဌာနနှင့် မုံရွာခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ မုံရွာမြို့ နန္ဒဝန်မူလတန်းကြိုကျောင်းမှ ကျောင်းသားမိဘများအား သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် ဆေးစိမ်ခြင်ထောင်များ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါမူလတန်းကြိကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရေတာရှည်မြို့နယ်၌ အမှိုက်များ စနစ်တကျခွဲခြား စွန့်ပစ်ခြင်း အသိပညာပေးသရုပ်ပြပွဲနှင့် ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်း အခမ်းအနားကျင်းပ
Jun 21,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ အမှိုက်များ စနစ်တကျ ခွဲခြားစွန့်ပစ်ခြင်း အသိပညာပေးသရုပ်ပြပွဲကို ယမန်နေ့နံနက် (၉) အချိန်ခွဲအချိန်က မြောက်နန်ချွန် အ.ထ.က(ခွဲ)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျုံပျော်မြို့ အ-ထ-က(၁)၌ လူငယ်အသိပညာပေးဟောပြောပွဲ ပြုလုပ်
Jun 21,2025
လူငယ်များ ဗဟုသုတတိုးပွားရရှိစေရန်အတွက် မြို့နယ်ဌာနဆိုင်ရာများပူးပေါင်းကာ လူငယ်အသိပညာပေးဟောပြောပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမ၌ ယမန်နေ့နံနက် (၁၀)နာရီခွဲက ကျင်းပပြုလုပ်သည်။