မုံရွာ ဇွန် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ပညာရေးမှူး များနှင့် တာဝန်ရှိသူများသည် ဇွန်လ ၂၁ ရက်၊ နံနက်ပိုင်းတွင် ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်း မြို့နယ်၊ ကက်သာကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းရှိ သတ်မှတ်ကျောင်း ဆောင်များတွင် ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒ/ဘောဂဘာသာရပ် ဖြေဆို လျက်ရှိသည့် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ဖြေဆိုနေမှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးထားမှုများ၊ ကျောင်းသား၊ကျောင်းသူများ အဟာရဖြည့် အစားအစာများဖြစ်သည့် အချိုရည်ဗူးများ/မုန့်များပြင်ဆင်ထားရှိမှုများအား လိုက်လံ ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဆိုပါကျောင်း၏ ကိုယ့်အားကိုယ် ကိုး ဆောက်လုပ်လျက်ရှိိသည့် ၂ ထပ်ကျောင်းဆောင်နှင့် ကျောင်းတွင်းပတ်လမ်းတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည့် တည်ဆောက်ရေးပစ္စည်းများကို ပံ့ပိုးဖြည့်ဆည်း ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိရာ ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ ဇီဝဗေဒ/ဘောဂဘာသာရပ် ဖြေဆိုလျက်ရှိသည့် ကျောင်းသား၊ကျောင်းသူများ အေးချမ်းတည်ငြိမ်စွာဖြင့် ဖြေဆိုနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး စာမေးပွဲကြီး ကြပ်ဆရာ/ဆရာမများနှင့် ရင်းရင်းနှီးနှှီးတွေ့ဆုံကာ ဖြေဆိုပြီးအဖြေလွှာများအား စနစ်တ ကျသိမ်းဆည်းကာ သတ်မှတ်စာစစ်ဌာနများသို့ အချိန်မီရောက်ရှိရေးတို့အား မှာကြားကာ စာမေးပွဲဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်
ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား/ကျောင်းသူများအတွက် အဟာရဖြည့် အစားအစာများဖြစ်သည့် အချိုရည်ဗူးများ/မုန့်များပြင်ဆင်ထားရှိမှုများအား လိုက်လံ ကြည့်ရှုခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိရာ ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ ဇီဝဗေဒ/ဘောဂဘာသာရပ် ဖြေဆိုလျက်ရှိသည့် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ဖြေဆိုနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး ကျောင်းဝန်း အတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ကျောင်းဆောင်အဆောက်အဦများ ကြံ့ခိုင်မှုရှိစေရေး နှင့် ကျောင်းဝန်းအတွင်းရှိလမ်းများ ကောင်းမွန်စေရေးတို့အား တာဝန်ရှိသူများအား မှာ ကြားကာ ကျောင်းသား/ကျောင်းသူများအတွက် အဟာရဖြည့်အစားအစာများဖြစ်သည့် အချိုရည်ဗူးများ/မုန့်များ ပြင်ဆင်ထားရှိမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးတွင် စစ်ကိုင်းတိုင်းဒေသကြီးအနေ ဖြင့် စာစစ်ဌာန ၂၅ ခုတွင် စာရင်းရှိ ၈၂၀၅ ဦး၊ ဇီဝဗေဒ/ဘောဂဘာသာရပ် ဖြေဆိုသူ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း ၈၀၄၀ ဦး ဖြေဆိုမှုရာခိုင်နှုန်း ၉၈.၉၆ ဖြစ်ပြီး ဟုမ္မလင်းမြို့နယ်အနေဖြင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဖြေဆိုသူ ကျောင်းသား၊ကျောင်းသူ ၅၇၈ ဦး၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ဖြေ ဆိုသူ ကျောင်းသား၊ကျောင်းသူ ၂၃၆ ဦး၊ ကက်သာကျေးရွာ၊ အခြေခံပညာအထက်တန်း တွင်ဖြေဆိုသူ ကျောင်းသား၊ကျောင်းသူ ၂၄၉ ဦး၊ မောင်းခမ်းကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်းတွင် ဖြေဆိုသူ ကျောင်းသား၊ကျောင်းသူ ၂၅၇ ဦး၊ ထမံသီကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် ဖြေဆိုသူ ကျောင်းသား၊ကျောင်း သူ ၆၀ ဦး၊ စုစုပေါင်း ၁၃၈၀ ဦး ဖြေဆိုမှုရာခိုင်နှုန်း ၉၉.၀၀ ဖြေဆိုလျက်ကြောင်း သိရသည်။
တိုင်းဒေသကြီး၊ပြန်/ဆက်။