ပဲခူး ဇွန် ၂၂
ပဲခူးတိုင်းဒေသကြီးမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲဆုချီးမြှင့်ခြင်းအခမ်းအနားကို ဇွန်လ(၂၀)ရက်နေ့ညနေပိုင်းအချိန်က ပဲခူးမြို့အားကစားဥယျာဥ်မိုးလုံလေလုံခန်းမ၌ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ အမျိုးသား(-၅၀)ကီလိုတန်း၊ အမျိုးသမီး(-၄၅)ကီလိုတန်းတို့ ဗိုလ်လုပွဲအဖြစ် ယှဥ်ပြိုင်ကစားနေမှုအား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေနှင့်ဇနီးဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ကျောင်းသား၊ကျောင်းသူများ ကြည့်ရှု့အားပေးကြသည်။
ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ အမျိုးသား(-၃၈)ကီလိုတန်း၊ အမျိုးသမီး(-၃၈)ကီလိုတန်းတို့တွင် ပထမ၊ဒုတိယ၊တတိယဆုရရှိသူများ၊ အမျိုးသား"ခတ"ပြိုင်ပွဲ၊ အမျိုးသမီး"ခတ"ပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ၊ အမျိုးသား(-၆၀)ကီလိုတန်း၊ (-၆၆)ကီလိုတန်း၊ (-၇၃)ကီလိုတန်း၊ (+၇၃)ကီလိုတန်းတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ၊ အမျိုးသမီး(-၅၂)ကီလိုတန်း၊ (-၅၇)ကီလိုတန်း၊ (-၆၃)ကီလိုတန်း၊ (+၆၃)ကီလိုတန်းတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ၊ အမျိုးသား(-၄၂)ကီလိုတန်း၊ (-၄၅)ကီလိုတန်း၊ (-၅၅)ကီလိုတန်းတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ၊ အမျိုးသမီး(-၄၂)ကီလိုတန်း၊ (-၄၈)ကီလိုတန်း၊ အမျိုးသား(-၅၀)ကီလိုတန်း၊ (-၄၅)ကီလိုတန်းတို့တွင် ပထမ ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဆုတံဆိပ်နှင့်ငွေသားဆုများကို မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဥပဒေချုပ်နှင့် ဝန်ကြီးများက အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် အမျိုးသား/အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲတွင် ပထမရရှိသော ကချင်ပြည်နယ်အသင်း၊ ဒုတိယရရှိသော ရှမ်းပြည်နယ်အသင်း၊ ပူးတွဲတတိယရရှိကြသော ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့်မန္တလေးတိုင်းဒေသကြီးအသင်းတို့အား ဆုတံဆိပ်နှင့်ငွေသားဆုများကို စီးပွားရေးရာဝန်ကြီးဦးတင်ဦးကလည်းကောင်း၊ အမျိုးသမီးအကောင်းဆုံးအားကစားဆုရရှိသည့်(-၄၅)ကီလိုတန်းတွင် ကချင်ပြည်နယ်မှ မမေဇင်ဖြိုးနှင့် အမျိုးသားအကောင်းဆုံးအားကစားသမားဆုရရှိသည့် (-၅၀)ကီလိုတန်း ရန်ကုန်တိုင်းဒေသကြီးမှမောင်ခိုင်ခန့်တို့အား ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်လွင်လွင်အေးကျော်ကလည်းကောင်း ဆုတံဆိပ်နှင့်ငွေသားဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ကြေးတံဆိပ်(၁)ခု၊ ငွေတံဆိပ်(၁)ခု၊ ရွှေတံဆိပ်(၄)ခုဖြင့် အမျိုးသမီး တံခွန်စိုက်ဆုဖလားရရှိသော ကချင်ပြည်နယ်အသင်းအား ပဲခူးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့နာယက ဒေါ်စိုးစိုးသက်ကချီးမြှင့်ပြီး၊ ကြေးတံဆိပ်(၃)ခု၊ ငွေတံဆိပ်(၁)၊ ရွှေတံဆိပ်(၄)ခုဖြင့် အမျိုးသားတံခွန်စိုက်ဆုဖလားရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် စုပေါင်းတံခွန်စိုက်ဆုဖလားပူးတွဲရရှိသော ကချင်ပြည်နယ် အသင်းနှင့်ရန်ကုန်တိုင်းဒေသကြီးအသင်းတို့အား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း က စုပေါင်းတံခွန်စိုက်ဆုဖလားအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)