မိုင်းခတ်မြို့နယ်၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

မိုင်းခတ် ဇွန် ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့သည့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေကို ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မိုင်းခတ်မြို့နယ်စည်ပင်သာယာ‌ရေးဌာနမှ အမှုဆောင်အရာရှိ ဦးအား‌ဝေနှင့် တာဝန်ခံအင်ဂျင်နီယာ ဦးအောင်မြင့်မြတ်တို့က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဖြစ်သည့် အောင်မိုးဟိန်းလမ်း(မေတ္တာလမ်းဆုံနှင့်အဝိုင်းပတ်အတွင်း) အရှည် ၁၇၅‌ ပေ၊ အကျယ် ၁၈ ပေ၊ ထု ၆ လက်မရှိကာ ခွင့်ပြုရန်ပုံငွေကျပ် (၁၉.၈) သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအ‌နေတို့ကို ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)