လေးမျက်နှာ ဇွန် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အိုင်သပြုကျေးရွာအုပ်စု၊ ပေါက်ကုန်းကျေးရွာကွင်းအမှတ် ၁၁၈၀၊ ဦးပိုင်အမှတ် ၁၇/၂ တောင်သူဦးကြည်မြင့်၏ လယ်မြေ (၇) ဧကတွင် မိုးစပါးမြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် (ပိုက်ဆံလျှော်) သစ်စိမ်းမြေသြဇာ ထည့်သွင်းခြင်းကို ယနေ့နံနက်က ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးကျော်မိုးထွန်းက ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ မိုးစပါးအထွက်နှုန်းတိုးတက်စေရေးအတွက်သစ်စိမ်း မြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းရေး၊ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်စေရေး၊ ကြဲခင်းစနစ်ပပျောက်ရေးနှင့် သီးနှံစိုက်စွမ်းအား မြှင့်တင်ရေး ဆွေးနွေးပြောကြားခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးကျော်မိုးထွန်း၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများတက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)