ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲ အမှတ်(၈၈၀) စာကြည့်တိုက်ဖွင့်ပွဲ ရေစက်ချ မဂ်လာအခမ်းအနား ကျင်းပ

လွိုင်လင် ဇွန် ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၊ သာသနာဗိမာန်ဓမ္မာရုံတွင် ယနေ့နံနက်ပိုင်းက ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲအမှတ်(၈၈၀) စာကြည့်တိုက်ဖွင့်ပွဲ ရေစက်ချမဂ်လာအခမ်းအနားအား ကျင်းပပြုလုပ်ရာ ဆရာ​တော်သံဃာတော်များနှင့် တက်ရောက်လာကြသူများမှ စာကြည့်တိုက်ဆိုင်းဘုတ်အား အမွေးနံ့သာများနှင့် ပက်ဖျန်းပေးခဲ့ပြီးနောက် နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ ရတနာစည်ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာဂန္တဝာစတာပဏ္ဍိတဘဒ္ဒန္တဝိဇယာနန္ဒ ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီးနောက် ဆရာတော်သံဃာတော်များမှ ပရိတ်တရားတော်များအား ရွတ်ဖတ်ပူဇော်ပေးခဲ့ကြပါသည်။

ယင်းနောက် အလှူရှင်များမှ ဆရာတော်များအား လှူဖွယ်ဝထ္တုပစ္စည်းများအား ဆက်ကပ်လှူဒါန်းပေးခဲ့ကာ ရတနာစည်ဆရာတော်မှ စာကြည့်တိုက်လှူဒါန်းရခြင်းအတွက် ရရှိလာမည့် အကျိုးကျေးဇူးတရားတော်များအား ဟောပြောချီးမြင့်ပေးခဲ့ကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအမျှပေးဝေခဲ့ပြီး ဗုဒ္ဓသာသနံ စိရံ တိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းခဲ့ပြီး အခမ်းအနားအား ရုတ်သိမ်းခဲ့သည်။

ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲ အမှတ်(၈၈၀) စာကြည့်တိုက်အား လွိုင်လင်မြို့၊ သာသနာ့ဗိမာန်ဓမ္မာရုံကြီးတွင် ဖွင့်လှစ်ပေးထားပြီး အလှူရှင်ဖောင်ဒေးရှင်း နာယက၊ ဦးလှမျိုး (ညွန်ကြားရေးမှူး-ငြိမ်း) ၊ အကောက်ခွန်ဦးစီးဌာနနှင့် ဦးစိုးမြင့် မိသားစုတို့မှ လှုဒါန်းခဲ့ကာ တရားခွေများနှင့် တရားစာအုပ်များအား ဓမ္မဒါနအငှါးကဒ်များ ပြုလုပ်၍ ပိတ်ရက်မရှိမည်သူမဆို အခမဲ့ငှါးရမ်းကာ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။

အယ်မင်း(လွိုင်လင်)