ကချင်ပြည်နယ်ဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်၍ မူးယစ်ဆေးဝါး နှိမ်နင်းရေး လုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ပေးခဲ့သူများအား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား ဇွန် ၂၆

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သော (၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးကင်းစင်ပပျောက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူပြီး မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တာားဆီးကာကွယ်ရေးဗဟိုဖွဲ့နှင့်တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်/ မြို့နယ်/ ရပ်ကွက်/ ကျေးရွာအဆင့်ထိ တာဝန်ရှိသူများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဘာသာရေးအဖွဲ့အစည်းများ၊ ဒေသတွင်းလုပ်ငန်းရှင်များကိုပါ ထည့်သွင်းဖွဲ့စည်းပြီး မဟာဗျူဟာ(၂)ရပ်၊ နည်းဗျူဟာ (၃) ရပ်နှက့် နည်းနာနိဿယ(၃)ရပ်တို့ကို ချမှတ်၍ အရှိန်အဟုန်ဖြင့် ဆောက်ရွက်လျက်ရှိပါကြောင်း၊ ထို့အတူ မိမိတို့ ကချင်ပြည်နယ်အတွင်း မှာလည်း မူးယစ်ဆေးဝါးကင်းစင်ပပျောက်ရေးအတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ မှတ်တမ်းများအရ စဉ်ဆက်မပြတ် ဖော်ထုတ်ဖမ်းဆီးရရှိမှုကို ကြည့်ခြင်းအားဖြင့် ကချင်ပြည်နယ် သည် မူးယစ်ဆေးဝါးအန္တရာယ် ကြီးမားနေဆဲဖြစ်သည်ကို ထင်ရှားနေပါကြောင်း၊ သို့ဖြစ်ပါ၍ လူ့စွမ်း အားအရင်းအမြစ်များ ကောင်းစွာ ရှင်သန်ကြီးထွားလာစေရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေးကဏ္ဍအားလုံးကို ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်စေရေး ပြည်သူလူထုကို ခြိမ်းခြောက်နေသည့် မူးယစ်ဆေးဝါးအန္တရာယ်ကို ဘက်ပေါင်းစုံမှ မိမိတို့အားလုံးက နိုင်ငံ့အကျိုးအတွက် ဝိုင်းဝန်း ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သော (၃၈) ကြိမ်မြောက် အပြည် ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အတွက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံမှ ပေးပို့သော သဝဏ်လွှာအား ပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေားရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက ဖတ်ကြားသည်။

ယင်းနောက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါများအန္တရာယ်တားဆီးကာ ကွယ်ရေးဗဟိုအဖွဲ့၏ ဆောင်ရွက်ချက် မှတ်တမ်း ဗီဒီယိုကလစ် ဖွင့်လှစ်ပြသမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဗိုလ်ချုပ်အောင်ဇော်ထွေး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီးမျိုးဆွေတို့က နိုင်ငံတော်အစိုးရက အမျိုးသားရေးတာဝန်အဖြစ် သတ်မှတ်ဆောင်ရွက်လျက် ရှိသည့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းလုပ်ငန်းများတွင် စွမ်းစွမ်းတမံဖော်ထုတ်ဖမ်းဆီးပေးခဲ့သော ရဲတပ်ဖွဲ့ဝင်များနှင့် ကိုယ်ကျိုးမဖက် တက်ကြွစွာပူးပေါင်းပါဝင်ခဲ့ကြသော အရပ်ဖက်မှ လူပုဂ္ဂိုလ်များအား ပြည်နယ်မှူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေးအဖွဲ့က ချီးမြှင့်သည့် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကာ ဆုရရှိသူများနှင့် အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံကို စုပေါင်းရိုက်ကူးခဲ့ ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ကျောင်းသား/ကျောင်းသူများ၊ အရပ်ဖက်လူမှုကူ‌ညီရေးအသင်းအဖွဲ့များက ခန်းမအတွင်း ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်နှင့် လှုပ်ရှားမှုဓာတ်ပုံပြခန်းအား ကြည့်ရှုအားပေးခဲ့ကြသည်။

ပြည်နယ် (ပြန်/ဆက်)