သတင်းများ

ဆီဆိုင်မြို့နယ် ထီမန့်ကျေးရွာတွင် ကျေးရွာမြေငှားဂရန်ပေးအပ်ပွဲအခမ်းအနား ကျင်းပ
Jul 11,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပင်စုံကျေးရွာအုပ်စု၊ ထီမန့်ကျေးရွာတွင် ကျေးရွာမြေငှားဂရန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါကျေးရွာရှိ ခန်းမ၌ ကျင်းပခဲ့သည်။
မိုင်းရှူးမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Jul 11,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက အမှတ်(၂)ရပ်ကွက်၊ ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သာစည်၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်
Jul 11,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသပွဲကို ယနေ့နံနက် (၈) နာရီက ကြာဘက်ကုန်းကျေးရွာအုပ်စု၊ ကြာဘက်ကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၅) (၇/၂၀၂၅) သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား တွေ့ဆုံ
Jul 11,2025
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၅) (၇/၂၀၂၅) သို့ တက်ရောက်ရန် ဘားအံမြို့၊ နယ်မြေခံသင်တန်းကျောင်းတွင် ရောက်ရှိနေသော ကရင်ပြည်နယ်အတွင်းမှ နိုင်ငံ့သားကောင်းရတနာများအား  ယနေ့နံနက်ပိုင်းက ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူးနှင့်တာဝန်ရှိသူများ သွားရောက်တွေ့ဆုံအားပေးခဲ့ကြသည်။
၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုဂုဏ်ပြုမိတ်ဆက်ခြင်း အခမ်းအနားကျင်းပပြုလုပ်
Jul 11,2025
၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုဂုဏ်ပြုမိတ်ဆက်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမတွင်ကျင်းပရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဒိုင်အဖွဲ့များ၊ ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အုပ်ချုပ်သူများ/နည်းပြများနှင့် အားကစားသများတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရမည်းသင်းမြို့နယ်၌ အပူပိုင်းဒေသ ၁၃ ခရိုင် စိမ်းလန်းစိုပြေရေး ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှု အသွင်ဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
Jul 11,2025
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ရမည်းသင်းမြို့နယ်၌ အပူပိုင်းဒေသ ၁၃ ခရိုင် စိမ်းလန်းစိုပြေရေး ၂၀၂၅ ခုနှစ် မိုးရာသီ လူထုလှုပ်ရှားမှု အသွင်ဖြင့် စုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက ရွှေဒါးကျေးရွာ၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ရမည်းသင်း) ကျောင်းဝန်းအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်၌ အမှိုက်(၄)မျိုးခွဲခြား စွန့်ပစ်မှုရှိစေရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြဆောင်ရွက်
Jul 11,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ အမှိုက်(၄)မျိုးခွဲခြားစွန့်ပစ်မှုရှိစေရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ (၃)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း “မဟာဆောင်” ခန်းမ၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။