သတင်းများ

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် အပူပိုင်းဒေသ(၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေး မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားတက်ရောက်
Jul 12,2025
မကွေးတိုင်းဒေသကြီးအတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ သစ်တောသယံဇာတများရေရှည်တည်တံ့စေရေး၊ ရာသီဥတုမျှတရေး၊ သစ်တောသစ်ပင် စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းတွင် ဒေသခံပြည်သူများပူးပေါင်းပါဝင်လာစေရေး ရည်ရွယ်ချက်များဖြင့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲများကို ဆောင်ရွက်လျက်ရှိပြီး၊ အပူပိုင်းဒေသ(၁၃)ခရိုင် စိမ်းလန်း စိုပြည်ရေး မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို မကွေး-ရေနံချောင်းလမ်း မိုင်တိုင် (၃၅၇/၅) မိုင်ရှိ Greening Complex ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ချောက်ခရိုင်အုပ်ချုပ်ရေးမှူး၊ ရေနံချောင်းမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရေနံချောင်းတက္ကသိုလ် ပါမောက္ခချုပ်နှင့် ကျောင်းသား၊ ကျောင်းသူများ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း) စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များ ပိုလျှံစွာထုတ်လုပ်နိုင်ရေး ကွင်းဆင်းကြည့်ရှုအားပေး
Jul 12,2025
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း) စိုက်ပျိုးရေးနှင့် မွေးမြူရေး ထွက်ကုန်များ ပိုလျှံစွာထုတ်လုပ်နိုင်ရေး ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကလေးငယ်များအား ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ခြင်းနှင့် ဆေးရောင်ခြယ်ခြင်း ဆောင်ရွက်
Jul 11,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ တောင်ငူမြို့ မူလတန်းကြိုကျောင်းမှ မူကြိုကလေးငယ်များအား လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ခြင်းနှင့် ဆေးရောင်ခြယ်ခြင်း ဆောင်ရွက်သည်။
ရွှေကျင်မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ
Jul 11,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြပွဲကို ဇူလိုင် ၈ ရက်နံနက်(၁၀)နာရီအချိန်က ပွဲကုန်းရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ပြုလုပ်ကျင်းပခဲ့သည်။
လက်ပံတန်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာဟောပြောပွဲများ ပြုလုပ်
Jul 11,2025
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲဆောင်ရွက်ခြင်းကို ဇူလိုင် ၈ ရက်နေ့နံနက် ၉ နာရီက အထက(၃)ကျောင်း၌ ပြုလုပ်ခဲ့သည်။
ကဝမြို့နယ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်
Jul 11,2025
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက်အာဇာနည်‌နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ဇူလိုင် ၈ ရက်နေ့ နံနက်(၁၀)နာရီက အ.မ.က (မူလွန်) သပြေကန်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
လက်ပံတန်းမြို့နယ်တွင် လေဘေးထောက်ပံ့ငွေပေးအပ်
Jul 11,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ခမုံကျေးရွာအုပ်စု၊‌ ကျောက်အိုင်ကျေးရွာတွင်‌ ဇွန်လ ၂၉ ရက်နေ့က  လေပြင်းတိုက်ခတ်၍ သစ်ပင်ပြိုလဲမှုကြောင့် ပျက်စီးခဲ့ရသည့်နေအိမ် ၁ လုံးအတွက် လေဘေးထောက်ပံ့ငွေပေးအပ်ပွဲကို နေ့လယ် ၁၂ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။
မော်လမြိုင်မြို့၌ (၇၈)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများ ဆောင်ရွက်
Jul 11,2025
၂၀၂၅ ခုနှစ်၊ ဇူလိုင်(၁၉)ရက်နေ့တွင်ကျရောက်မည့် နေ့ထူးနေ့မြတ်ဖြစ်သည့် ဝမ်းနည်းသတိရဖွယ် အထိမ်းအမှတ်တစ်ခုဖြစ်သော အာဇာနည်နေ့သမိုင်းကြောင်းကို ကျောင်းသား၊ ကျောင်းသူများ သိရှိနားလည်‌စေရန်နှင့် လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများအား လေးစားအတုယူတန်ဖိုးထားပြီး အမှတ်ရနေစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက  မော်လမြိုင်မြို့ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့သည်။