တောင်ငူ ဇူလိုင် ၁၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ ဇူလိုင် ၈ ရက်နေ့က တောင်ငူမြို့ မူလတန်းကြိုကျောင်းမှ မူကြိုကလေးငယ်များအား လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ခြင်းနှင့် ဆေးရောင်ခြယ်ခြင်း ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် တောင်ငူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးနှင့်ဝန်ထမ်းများ၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဝင်းမာဦးနှင့် ဝန်ထမ်းများက မူကြိုကလေးငယ်များအား ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ခြင်းများဆောင်ရွက်ပြီး ကလေးငယ်များအား ခရိုင်ပြည်သူ့စာကြည့်တိုက်အတွင်းရှိ ပြတိုက်ငယ်နှင့် နှစ် (၁၀၀)ကျော်မှ တောင်ငူမှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုလေ့လာစေခဲ့သည်။
ထို့နောက် ကလေးစာဖတ်ခန်းအတွင်း၌ ဆေးရောင်ခြယ်ခြင်း၊ ကလေးစာပေများဖတ်ပြခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)