ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံ၌ ဒုတိယအကြိမ်မြောက် ရင်ချင်းဆက်အမွှာမိန်းကလေး မွေးဖွား
Jul 11,2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ဇူလိုင်လ ၉ ရက် ညပိုင်းက ရင်ချင်းဆက်အမွှာမိန်းကလေးနှစ်ဦးအား ဘီးလင်းမြို့နယ် ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများက ဒုတိယအကြိမ်မြောက် အောင်မြင်စွာ ခွဲစိတ်မွေးဖွားခဲ့ကြောင်း သိရသည်။ ပထမအကြိမ် ၁၉၉၂ ခုနှစ်တွင် အေးအေးငြိမ်းနှင့်အိအိငြိမ်း အမွှာညီအစ်နှစ်ဦးအားလည်း ဘီးလင်းမြို့နယ်၊ ပြည်သူ့ဆေးရုံ၌ပင် အောင်မြင်စွာ ခွဲစိတ်မွေးဖွားခဲ့သည်။