ရွှေကျင်မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ

ရွှေကျင် ဇူလိုင် ၁၁

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြပွဲကို ဇူလိုင် ၈ ရက်နံနက်(၁၀)နာရီအချိန်က ပွဲကုန်းရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ပြုလုပ်ကျင်းပခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးထွန်းမင်းလတ်က အဖွင့်အမှာစကားပြောကြားပြီး ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သဲစုအောင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ထူးချွန်ထက်မြတ်သူများဖြစ်လာစေရန်ရည်ရွယ်၍ သိသင့်သိထိုက်သည့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံအကြောင်းအရာများ၊ ကလေးအလုပ်သမားပပျောက်ရေး အကြောင်းအရာများအား ဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးမျိုးငြိမ်းနှင့်ဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေးနှင့်အာဇာနည်နေ့ အထိမ်းအမှတ်အကြိုအဖြစ် ကျောင်းသား၊ ကျောင်းသူများအား သိသင့်သိထိုက်သည့် နံရံကပ်စာစောင်နှင့်စာအုပ်၊ စာစောင်များအား ဖတ်ရှု‌စေရန်ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာ ဖတ်ရှုလေ့လာကြကြောင်း သိရသည်။

ထွန်းထွန်းဇော် (ပြန်/ဆက်)