ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌  လူကုန်ကူးမှု တားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသဆောင်ရွက်

ထန်းတပင် (ပဲခူး)  ဩဂုတ် ၁၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ကို  ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန၌ ယနေ့ နံနက်ပိုင်းက ပြသဆောင်ရွက်ခဲ့သည်။

အဆိုပါ နံရံကပ်စာစောင်တွင် ပြည်သူများ သိသင့်သိထိုက်သော လူကုန်ကူးမှုမြောက်စေသည့် အချက်အလက် အကြောင်း အရာများ၊ အသိပေးတိုင်ကြားနိုင်သည့် နည်းလမ်းများ၊ ကလေး သူငယ် ကူးသန်းရောင်းဝယ်ရေး၊ လူကုန်ကူးရောင်းဝယ်မှု အခြေအနေ   အမျိုးအစားနှင့် လူမှောင်ခိုခြင်း၊  လူကုန်ကူးမှုပြစ်မှု  /ပြစ်ဒဏ်များ အကြောင်းမှတ်တမ်း ဓာတ်ပုံများ ၊ ကာတွန်း   သရုပ်ဖော်ပုံ များနှင့် အခြား မှတ်တမ်း  မှတ်ရာများဖြင့် ဝေဝေဆာဆာ ပြသဆောင်ရွက် ထားရာ ပြည်သူများ စိတ်ပါ ဝင်စားစွာ ကြည့်ရှု လေ့လာခဲ့ကြသည်။

အဆိုပါ နံရံကပ်စာစောင်ကို ဩဂုတ် (၁၄) ရက်နေ့မှ (၂၀)ရက်နေ့အထိ ရက်သတ္တပတ် တစ်ပတ်တိတိ ပြသဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

သန်းထွန်း (ပြန်/ဆက်)