ဘောလခဲခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများ ဆက်လက်စိစစ်

ဘောလခဲ ဩဂုတ် ၁၄

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ အထွေထွေရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဘောလခဲခရိုင်အတွင်းရှိ မဲဆန္ဒနယ် အသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင် ရွေးကောက် တင်မြှောက်လိုသူများ၏ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို လွတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ (၂၄)အရ စိစစ်ခြင်းကို ယနေ့နံနက်(၁၀)နာရီက ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေး ခန်းမ၌ကျင်းပသည်။

ရှေးဦးစွာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးကျော်လင်းမှ ပါတီကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီ၏ ကိုယ်ရေး အချက်အလက်များကို ပြသပြီး ကော်မရှင်အဖွဲ့ခွဲဝင်များနှင့် ပါတီ ကိုယ်စားလှယ်များမှ ကန့်ကွက်ရန် မရှိသည့်အတွက် အတည်ပြုခဲ့သည်။

အဆိုပါကိုယ်စားလှယ်လောင်းစိစစ်ခြင်းသို့ ပါတီအသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက် လေ့လာခဲ့ကြပြီး ယနေ့တွင် ပါတီအသီးသီးမှ ကိုယ်စားလှယ်လောင်း (၁၇)ဦးအား စိစစ်နိုင်ခဲ့ပြီး ဘောလခဲခရိုင် ရွေးကောက်ပွဲကော်မရှင်ဖွဲ့ခွဲ အနေဖြင့် ယနေ့ထိ စုစုပေါင်းပါတီ ကိုယ်စားလှယ်ပေါင်း (၆၄) ဦးအားစိစစ်ခဲ့ပြီးဖြစ်သည်။

ပါတီကိုယ်စားလှယ်လောင်း စိစစ်ခြင်းသို့ ခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဒေါ်လှကြည်၊ ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ၊ အဖွဲ့ဝင်များ၊ ပါတီအသီးသီးမှ ရွေးကောက်ခံမည့် လွှတ်တော်ကိုယ်စားလှယ် များ တက်ရောက် ခဲ့ကြောင်း သိရသည်။

ခရိုင်/ပြန်ဆက်