ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအသိပညာပေးလက်ကမ်းစာ စောင်ဖြန့်ဝေခြင်းနှင့်Mask များဝေငှခြင်းဆောင်ရွက်

ဒဂုံ(အရှေ့) သြဂုတ် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊  အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် တွင်   လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေး အသိပညာ‌ ပေး လက်ကမ်း စာစောင်များနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်း ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ မြို့နယ် အမျိုးသမီကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့များ၊ NGO များနှင့်  ကလေး သူငယ် ကာကွယ်ရေး ဖြစ်ရပ် စီမံခန့်ခွဲမှု အဖွဲ့များ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက အမှတ် ၁၃ ရပ်ကွက်ပျံကျစျေးနှင့်အမှတ် ၅ ရပ်ကွက် ပျံကျဈေးအတွင်း ပြည်သူများသို့ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဖြန့်ဝေပေးရာတွင် ဈေးသို့ လာရောက်ကြသူများနှင့် လမ်းသွားလမ်းလာပြည်သူများကို ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်း များ တပ်ဆင်သွားလာကြရန် အသိပေးပြောကြားပြီး၊ Mask မတပ်ဆင်ထားသူများအား ပါးစပ် နှာခေါင်းစည်း (Mask) များ တပ်ဆင်ပေးခဲ့ကြောင်း နှင့်လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်းသိရသည်။

လှလှထွေး(ပြန်/ဆက်)