သတင်းများ

မိုင်းလုံမြို့အလယ်ရပ်ကွက်နှင့် အောက်ရပ်ကွက် ကိုယ်ထူကိုယ်ထလမ်းတွင် ပါဝင်ကူညီလှူဒါန်း သူများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်
Aug 17,2020
မိုင်းလုံမြို့ အလယ်ရပ်ကွက်နှင့်အောက်ရပ်ကွက်အတွင်းရှိ လမ်းများခင်းရာတွင် ပါဝင်ကူညီ လှူဒါန်းသူများ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းအခမ်းအနားကို အလယ်ရပ်ကွက် အုပ်ချုပ်ရေးမှူးအိမ်တွင် ယနေ့ မွန်းလွဲ ၂ အချိန် ၌ ဆောင်ရွက်ခဲ့သည်။
မဲဆန္ဒရှင်စာရင်း စိစစ်ရေးလုပ်ငန်းကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း အစည်းအဝေးကျင်းပ
Aug 17,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်း စိစစ်ရေး လုပ်ငန်း ကော်မတီ ဖွဲ့စည်း တာဝန်ပေးအပ်ခြင်း အစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီ အချိန်က ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟင်္သာတ၌ စံပြစက်မှုလယ်ယာ ဧက(၁၀၀) မျိုးစေ့ထုတ်စိုက်ခင်းတွင် ထရိုင်ဂိုဂရားမားဥကပ်ပါးနဂျီ (ပထမ) အကြိမ်လွှတ်ခြင်းနှင့် အသိပညာပေးဆောင်ရွက်
Aug 17,2020
ဟင်္သာတမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ထရိုင်ဂိုဂရားမားဥကပ်ပါးနဂျီ(ပထမ)အကြိမ် လွတ်ခြင်းနှင့် အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၈ နာရီတွင် မြို့ကွင်းကျေးရွာအုပ်စု စံပြစက်မှု လယ်ယာဧက(၁၀၀) မျိုးစေ့ထုတ်စိုက်ခင်းတွင် ကျင်းပပြုလုပ်သည်။
မိုင်းရှူး၌ ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကြေညာမှုအား လာရောက် ကြည့်ရှုသူ ၅၃၈၁ ဦး ရှိပြီး လျှောက် ထားသူ၊ ကန့်ကွက်သူနှင့် ပြင်ဆင်သူ ဦးရေ ၁၈၂၀ဦးရှိ
Aug 17,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင် စာရင်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ဇူလိုင် ၂၅ ရက်မှ သြဂုတ် ၁၄ ရက်နေ့ အထိ ပထမအကြိမ် ထုတ်ပြန် ကြေညာခဲ့ရာ မဲဆန္ဒရှင်စာရင်း လာရောက်ကြည့်ရှုသူ (၅၃၈၁) ဦးရှိပြီး မဲဆန္ဒရှင်စာရင်းတွင် အမည်စာရင်း မပါရှိ၍ ပုံစံ(၃)ဖြင့် လျှောက် ထားသူ(၁၁၃၃)ဦး၊ မဲစာရင်းတွင် မပါဝင်သင့်သူ များပါဝင်နေ၍ ပုံစံ(၄)ဖြင့် ကန့်ကွက်သူ (၃၈၉)ဦး၊ မဲစာရင်း တွင် ကိုယ်ရေးအချက် အလက် မှားယွင်းသဖြင့် ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်ရန် လျှောက်ထားသူ(၂၉၈)ဦး ရှိကြောင်း သိရသည်။
ရွှေသောင်ယံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် စာဖတ်ဝိုင်းကျင်းပ
Aug 17,2020
ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် ယနေ့ နေ့လယ် ၁ နာရီက Book Club၊ Youth Club အဖွဲ့ဝင်များနှင့် စာရေးဆရာ ကျော်ဝင်း ရေးသားသော နှစ်ဆယ့်တစ်ရာစု သားရွှေဥ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့ကြသည်။
အိမ်မဲမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သားအိမ်ခေါင်း ကင်ဆာအကြောင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး
Aug 17,2020
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်အတွင်းရှိ ကျေးရွာများတွင မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သားအိမ်ခေါင်း ကင်ဆာအကြောင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ အခြေခံပညာကျောင်းများတွင် အားကစားကဏ္ဍတိုးတက်ရေးအတွက် အားကစားပစ္စည်းများပေးအပ်လှူဒါန်း
Aug 17,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အားကစားနှင့် ကာယ ပညာဦးစီးဌာန ကအခြေခံပညာ ကျောင်း များကိုအားကစားကဏ္ဍ တိုးတတ်ရေးအတွက်အားကစား ပစ္စည်းများပေးအပ်လှူဒါန်းခြင်းကို ဩဂုတ် ၁၇ နာရီ နံနက် ၁၀ နာရီချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ကမာရွတ်မြို့နယ်တွင် အမှတ်(၆)ရပ်ကွက်အတွင်းရှိ ရေမြောင်းများရှိ အမှိုက်များ ရှင်းလင်းခြင်းနှင့် အပတ်စဉ်သန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်
Aug 17,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ရပ်ကွက်များအလိုက် ရေစီးရေလာကောင်းမွန် စေရေးနှင့် သန့်ရှင်း သာယာလှပစေရေးတို့အတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်စည် ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများက အရှိန်အဟုန်မပျက်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်း ၉ နာရီခွဲအချိန်ခန့်က အမှတ်(၆)ရပ်ကွက် အတွင်းတွင် အပတ်စဉ်သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။