မြစ်သားမြို့နယ်တွင် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ
Aug 17,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၀) နာရီက စာရေးဆရာများနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များသည် နေရှင်နယ်ပရဟိတကျောင်းမှ ကျောင်းသားများနှင့်တွေ့ဆုံပြီး စာဖတ်ရှိန်မြင့်မားလာစေရန်နှင့် စာဖတ်သည့်အလေ့အထကောင်းများရရှိစေရန်နှင့် အတွေးအခေါ် ပိုမိုရင့်သန်လာစေရန် ရည်ရွယ်ပြီး" စာရေးဆရာအောင်သင်း၏ "ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ" စာအုပ်အား စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။