မိုင်းလုံ သြဂုတ် ၁၇
မိုင်းလုံမြို့ အလယ်ရပ်ကွက်နှင့် အောက်ရပ်ကွက်အတွင်းရှိ လမ်းများခင်းရာတွင် ပါဝင်ကူညီလှူဒါန်းသူများ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းအခမ်းအနားကို အလယ်ရပ်ကွက် အုပ်ချုပ်ရေးမှူးအိမ်တွင် ယနေ့ မွန်းလွဲ ၂ အချိန် ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မိုင်းလုံမြို့ အလယ်ရပ်ကွက်နှင့်အောက်ရပ်ကွက် ရပ်မိရပ်ဖများနှင့် လမ်းဖြစ် မြောက်ရေး ကော်မတီများလာရောက်၍ ရပ်ကွက်ကိုယ်စား ရပ်မိရပ်ဖ အဘိုးဦးဘိုအေးမှ လမ်းဆောက် လုပ်ရာ တွင် ကူညီလှူဒါန်းသူများကို ကျေးဇူးတင်စကားပြောကြားပြီး အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းများ ပေးအပ် ခဲ့ကာ ကိုယ်ထူကိုယ်ထလမ်းသည် ကတ္တရာလမ်းအမျိုးအစားဖြစ်ပြီး အရှည် ( ၃၈၅၁ ) ပေ၊ လမ်း အကျယ်(၁၂) ပေ ရှိကြောင်းသိရသည်။
ဇော်ဇော်(ပြန်/ဆက်)