မဲဆန္ဒရှင်စာရင်း စိစစ်ရေးလုပ်ငန်းကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း အစည်းအဝေးကျင်းပ

 

ဇမ္ဗူသီရိ ဩဂုတ် ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်း စိစစ်ရေး လုပ်ငန်း ကော်မတီ ဖွဲ့စည်း တာဝန်ပေးအပ်ခြင်း အစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီ အချိန်က ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ မဲဆန္ဒရှင်စာရင်း စိစစ်ရေးလုပ်ငန်းကော်မတီဖွဲ့စည်း တာဝန်ပေးအပ်ခြင်း အစည်းအဝေးတွင် မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဉက္ကဋ္ဌ  ဦးကျော်ငြိမ်းက ၂၀၂၀ ပြည့်နှစ်  ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်း စိစစ်ရေး လုပ်ငန်း ကော်မတီတွင် ဖွဲ့စည်းတာဝန်ပေးအပ်ထားသော မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ အနေဖြင့် ပထမအကြိမ်မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာပြီးနောက်ပိုင်းမှာ ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ) တို့ဖြင့် တင်သွင်းလာသည့် မဲဆန္ဒရှင် စာရင်းများ ထည့်သွင်း၊ ပယ်ဖျက်၊ ပြင်ဆင် ခြင်းများ စိစစ်ရေးအတွက် စုပေါင်းဆောင်ရွက်ကြမည့် လုပ်ငန်းများအား အသေးစိတ် ရှင်းလင်း ပြောကြား ခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများကပြန်လည် ရှင်းလင်းပြောကြား ခဲ့ကြကြောင်း သိရှိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)